(P-063) Coloso - Fun 3D Character Modeling using Blender


 

 















တနှစ်လောက်ကြာပြီဖြစ်တဲ့ Korean 3D Character Artist Minjeong Shin ရဲ့ ဧရာမ Blender Character Creation Course ဖြစ်ပါတယ်။

File Size 53 GB နီးပါး၊ Section 10 ခု၊ video lesson 43 file, သင်ခန်းစာကြာချိန်  56 နာရီခွဲရှိပါတယ်။ Bonus ပေးထားတဲ့ time-lapse lesson ဆိုရင် file တခုတည်းရဲ့ အများဆုံးကြာချိန်က 10 နာရီ နီးပါးရှိတယ်။ အတော်လေး အချိန်ပေးနိုင်မှ ရပါမယ်။  သေချာလေ့လာနိုင်ခဲ့ပြီဆိုရင်တော့  Character Creation ကောင်းကောင်း လုပ်နိုင်သွားမှာပါ။ 

ဒီ Course အတွက်  Blender Knowledge  သိပ်မလို၊ Basic ကနေစတယ်။ ဒါပေမယ့် Character နဲ့ သက်ဆိုင်သလောက်ဘဲ cover လုပ်သွားပါတယ်။ Sculpting ကတော့ အစကနေအဆုံးထိပါပါလိမ့်မယ်။ retopo, uv, texturing, painting, Rigify Rig, light, render စသဖြင့် workflow အတွင်း 

လိုအပ်တာတွေ အဆင့်လိုက် သေချာသွားပါတယ်။ Paid add-on တချို့သုံးထားတွေလည်းရှိတယ်။ ကိုယ့်မရှိရင် တခြား free add-on တွေ အစားထိုး သုံးနိုင်ပါတယ်။ Animation မပါပါ။ Final edit/retouch အတွက်ကတော့  Photoshop ကိုသုံးပါတယ်။ 

ကိုရီးယား စကားပြောဖြစ်ပါတယ်။ ဒါကြောင့် သင်ယူရာမှာ အခက်အခဲရှိနိုင်ပါတယ်။ English Subtitle တော့ပါတယ်။ အခြေခံရှိမထားရင် အချို့နေရာတွေ နားလည်မှု လွဲနိုင်တယ်။  Blender Knowledge သိပ်ရှိစရာမလို ဆိုပေမယ့် ဘာသာစကားကြောင့်  Software Basic လောက်ကို တခြား sources ကနေ ကြိုလေ့လာထားရင် ပိုအဆင်ပြေမယ် ယူဆပါတယ်။ 

Comments