(B-080) Udemy - Realtime Architecture with Blender

 


Beginner ကနေ Advanced Level အထိအကျုံးဝင်တဲ့ Architecture Course လေးဖြစ်ပါတယ်။
Web ကနေ free ရတဲ့ 3d object လေးတွေ ဘယ်လိုအသုံးချပြီး ဒီ interior scene ကိုဖန်တီးလို့ရမလဲဆိုတာက ဒီ Course ရဲ့ အားသာချက်ပါ။ ဆိုတော့ ကိုယ်တိုင် modeling တောင် သိပ်လုပ်စရာမလိုဘူးဆိုပါတော့။
တခါ Lighting ကို mood အမျိုးမျိုးထား စမ်းသပ်ပြီး eevee, cycles Render Engine တွေနဲ့ ပုံထုတ်ကြည့်မှာဖြစ်ပါတယ်။ Camera Angle အမျိုးမျိုး .. Depth of Field ကစားတာတွေနဲ့ Blender Composite မှာဘဲ ကိုယ့်ပုံကို ဘယ်လို အနေအထားရအောင် ပြုပြင်မွမ်းမံမလဲ .. ဆိုတာတွေ လေ့လာ သင်ယူနိုင်မှာပါ။
တခုတော့ ရှိတယ်။ Blender Kit ထဲက ကိုယ်လိုတာလေးတွေ download ဆွဲအသုံးချတတ်ဖို့တော့ လိုလိမ့်မယ်။
Architect သမားတွေအတွက် ပေါ့ပေါ့ပါးပါး၊ မြန်မြန်ဆန်ဆန်လေး သုံးလို့ရတဲ့ Blender Course လေးဖြစ်လို့ ..
မဖြစ်မနေ ဒေါင်းထားဖို့ အကြံပေးချင်ပါတယ်။ 


Comments